(၁) မည်သည့်ရဲအရာရှိမဆို တရားသူကြီးထံမှ အမိန့်မရဘဲဖြစ်စေ၊ ဝရမ်းမပါဘဲ ဖြစ်စေ အောက်ပါ သူများကို ဖမ်းဆီးနိုင်သည် -
ပထမ - ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ်နှင့်စပ်ဆိုင်ပါဝင်နေသူ သို့မဟုတ် ထိုသို့ စပ်ဆိုင်ပါဝင်ကြောင်း ကျိုးကြောင်းဆီလျော်စွာ တိုင်ကြားခြင်းခံရသူ သို့မဟုတ် ထိုသို့ စပ်ဆိုင်ပါဝင်နေကြောင်း ယုံကြည်လောက်အောင် သတင်း ပေးခြင်းခံရသူ သို့မဟုတ် ထိုသို့ စပ်ဆိုင်ပါဝင်နေကြောင်း ယုတ္တိတန်စွာ မသင်္ကာဖွယ်ရာဖြစ်သူ မည်သူမဆို၊
ဒုတိယ - အိမ်ဖောက်ထွင်း ကိရိယာတစ်စုံတစ်ရာကို ဥပဒေနှင့်လျော်ညီသည့် အကြောင်း မရှိဘဲ လက်ဝယ်ထားသူ မည်သူမဆို၊
တတိယ - ဥပဒေနှင့်လျော်ညီသည့် အကြောင်းရှိကြောင်း သက်သေပြရန် တာဝန်မှာ လက်ဝယ် ထားသူ၏ တာဝန်သာဖြစ်စေရမည်။
ဤဥပဒေအရသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတက သော်လည်းကောင်း ပြစ်မှု ကျူးလွန်သူဖြစ်ကြောင်း ကြေညာခြင်းခံရသူ မည်သူမဆို၊
စတုတ္ထ - ခိုးရာပါပစ္စည်းဟု ယုတ္တိတန်စွာ မသင်္ကာဖွယ်ရာဖြစ်နိုင်သော ပစ္စည်း တစ်စုံ တစ်ရာကို လက်ဝယ်ရှိသည့်အပြင် ယင်းပစ္စည်းနှင့် စပ်လျဉ်း၍ ပြစ်မှုတစ်စုံ တစ်ရာ ကျူးလွန် ခဲ့သည်ဟု ယုတ္တိတန်စွာ မသင်္ကာဖွယ်ရာဖြစ်သူမည်သူမဆို၊
ပဉ္စမ - ရဲအရာရှိ တစ်ယောက်ကို တာဝန်ထမ်းဆောင်စဉ် ပိတ်ပင်တားဆီးသူ သို့မဟုတ် ဥပဒေနှင့်အညီ ချုပ်ထားရာမှ ထွက်ပြေးသူ သို့မဟုတ် ထွက်ပြေး ရန် အားထုတ်သူ မည်သူမဆို၊
ဆဋ္ဌမ - မြန်မာ့တပ်မတော် ကြည်းတပ်၊ ရေတပ်၊ လေတပ်မှ တပ်ပြေးတစ်ဦး ဖြစ်ကြောင်း ယုတ္တိတန်စွာ မသင်္ကာဖွယ်ရာဖြစ်သူ မည်သူမဆို၊
သတ္တမ - ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ကျူးလွန်လျှင် ပြစ်မှုတစ်ရပ် အနေဖြင့် ပြစ်ဒဏ် စီရင်ခြင်းခံရမည့်အပြင် ပြစ်မှုကျူးလွန်ထားသူအား သက်ဆိုင်ရာ နိုင်ငံသို့ ပေးပို့ရခြင်းနှင့် သက်ဆိုင်သော မည်သည့် ဥပဒေ တစ်ရပ်ရပ် အရဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်း ဖမ်းဆီးခြင်း၊ ချုပ်နှောင်ထားခြင်းခံရန် ထိုက်သင့်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြင်ပမည်သည့်အရပ်၌မဆို ကျူးလွန် ခဲ့သော ပြစ်မှုတစ်ရပ်ရပ်တွင် စပ်ဆိုင်ပါဝင်သူ သို့မဟုတ် ထိုသို့ စပ်ဆိုင် ပါဝင်ကြောင်း ယုတ္တိတန်သော တိုင်တန်းခြင်းခံရသူ သို့မဟုတ် ထိုသို့ စပ်ဆိုင် ပါဝင်ကြောင်း ယုံကြည်လောက်သည့် သတင်းပေးခြင်း ခံရသူ သို့မဟုတ် ထိုသို့ စပ်ဆိုင်ပါဝင်ကြောင်း ယုတ္တိတန်သော မသင်္ကာဖွယ်ရာ ဖြစ်သူ မည်သူမဆို၊
အဋ္ဌမ - ပုဒ်မ ၅၆၅ (၃) အရ ပြဋ္ဌာန်းထားသော နည်းဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ရာမှ လွတ်ပြီး အကျဉ်းသား မည်သူမဆို၊
နဝမ - အခြား ရဲအရာရှိထံမှ ဖမ်းဆီးပေးရန် တောင်းဆိုထားသူ မည်သူမဆို။
သို့သော် ယင်းတောင်းဆိုချက်တွင် ဖမ်းဆီးပေးရမည့်သူကို တိတိကျကျ ဖော်ပြထား ရမည်။ ထို့ပြင် ၎င်းအား မည်သည့်ပြစ်မှုအရ ဖမ်းဆီးရမည် သို့မဟုတ် အခြားမည်သည့် အကြောင်းကြောင့် ဖမ်းဆီးရမည်ဟု ဖော်ပြရမည့်အပြင် ဖမ်းဆီးပေးရန် တောင်းဆိုသည့် အရာရှိအနေဖြင့် ထိုသူကို ဝရမ်းမပါဘဲဥပဒေနှင့်အညီ ဖမ်းဆီးခွင့်ရှိကြောင်းလည်း ပေါ်လွင် စေရမည်။
၂။ ***************************************************************************