ပုဒ်မ ၁၇၈
ပုဒ်မ ၁၇၈
အမှုများကို သီးခြားနယ်မြေဒေသများတွင် စစ်ဆေးစီရင်ရန် အမိန့်ထုတ်ဆင့်နိုင်သည့် အာဏာ

ပုဒ်မ ၁၇၇ တွင် မည်သို့ပင်ပါမူ ခရိုင်တစ်ခုခုတွင် စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့သော မည်သည့်အမှုများ သို့မဟုတ် အမှုအမျိုးအစားများကို မဆို အခြားနယ်မြေဒေသတစ်ခုခုတွင် စစ်ဆေးစီရင်ရန် နိုင်ငံတော် သမ္မတက ညွှန်ကြားနိုင်သည်။သို့ရာတွင် အဆိုပါ ညွှန်ကြားချက်သည် ဤကျင့်ထုံးဥပဒေပုဒ်မ ၅၂၆ အရ ယခင်ကြိုတင်ထုတ်ပြန်ထားသော တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် ညွှန်ကြားချက်တစ်စုံတစ်ရာ နှင့် ဆန့်ကျင်ခြင်း မရှိစေရ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၂၆)