ပုဒ်မ ၅၄၃
ပုဒ်မ ၅၄၃
စကားပြန်မှာ အမှန်အကန်စကားပြန်ဆိုရန် တာဝန်ရှိခြင်း

သက်သေခံချက်၊ သို့မဟုတ် ထွက်ဆိုချက်တစ်စုံတစ်ရာကို ဘာသာစကားတစ်ရပ်မှ တစ်ရပ်သို့ စကားပြန်ဆိုပေးရန် ပြစ်မှုဆိုင်ရာတရားရုံးတစ်ရုံးရုံးက စကားပြန်တစ်ဦး အလိုရှိသည့် အခါ ထိုသက်သေခံချက်၊ သို့မဟုတ် ထွက်ဆိုချက်ကို မှန်မှန်ကန်ကန် စကားပြန်ဆိုပေးရန် ထိုစကားပြန်တွင် တာဝန်ရှိစေရမည်။