ပုဒ်မ ၇၂
ပုဒ်မ ၇၂
အစိုးရဝန်ထမ်း သို့မဟုတ် မီးရထားဌာနမှ ဝန်ထမ်းအား သမ္မန်စာချအပ်ခြင်း

(၁) ဆင့်ခေါ်ခံရသူသည် အစိုးရဝန်ထမ်း သို့မဟုတ် မီးရထားဌာနဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသူဖြစ်လျှင် သမ္မန်စာထုတ်ဆင့်သည့် တရားရုံးသည် ထိုသူ၏ ရုံးအကြီးအကဲထံ သာမန်အားဖြင့် သမ္မန်စာနှစ်စောင်စလုံး ပေးပို့ရမည်။ ယင်း အကြီးအကဲ ကလည်း ရရှိသည့် သမ္မန်စာကို ပုဒ်မ ၆၉ ပါ ပြဋ္ဌာန်းချက်များအတိုင်း ချအပ်စေ၍ သမ္မန်စာ တစ်စောင်ကို ထပ်ဆင့် ရေးသား၍ လက်မှတ်ရေးထိုးပြီး တရားရုံးသို့ ပြန်ပို့ရမည်။

(၂) ယင်းလက်မှတ်သည် သမ္မန်စာကို နည်းလမ်းတကျ ချအပ်ပြီးကြောင်း သက်သေခံ အထောက်အထား ဖြစ်စေရမည်။