ပုဒ်မ ၄၇
ပုဒ်မ ၄၇
ရွေးကောက်ပွဲကျင်းပခြင်း

(က) ရွေးကောက်ပွဲကျင်းပသည့်အချိန်၌ နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ပြည်ထောင်စုမြန်မာ နိုင်ငံ တော်၏ သံအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ သံရုံးအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပညာ တော်သင်များနှင့် အိမ်ထောင်စုဝင်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပြည် ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များက သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွက် ကြိုတင်၍ ဆန္ဒမဲပေးနိုင်ရန် ကော်မရှင်က စီစဉ်ပေးရမည်။

(ခ) နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကကြိုတင်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ယူဆက်သွယ်ဆောင်ရွက်ပေးရမည်။