ပုဒ်မ ၁၉၃
ပုဒ်မ ၁၉၃
စက်ရှင်တရားရုံးများက ပြစ်မှုများကို အရေးယူခြင်း

(၁) ဤဥပဒေအရဖြစ်စေ၊ အခြားတည်ဆဲ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ အခြားနည်း အတိ အလင်း ပြဋ္ဌာန်းထားသည်မှတစ်ပါး ထိုကိစ္စအလို့ငှာ နည်းလမ်းတကျ အာဏာအပ်နှင်း ထားသည့် တရားသူကြီး တစ်ဦးဦးက တရားခံကို လွှဲအပ်တင်ပို့ခြင်း မဟုတ်လျှင် မည်သည့် ခရိုင်တရားရုံးကမျှ မူလစီရင်ပိုင်ခွင့်အာဏာရရှိသည့် တရားရုံးအဖြစ် မည်သည့် ပြစ်မှု တစ်စုံတစ်ရာကိုမျှ အရေးမယူစေရ။

(၂) တွဲဖက် ခရိုင်တရားသူကြီးများနှင့် ဒုတိယ ခရိုင်တရားသူကြီးများသည် နိုင်ငံတော် သမ္မတ က ယေဘုယျ သို့မဟုတ် အထူးအမိန့်ဖြင့် စစ်ဆေးစီရင်ရန် ညွှန်ကြားသော အမှုများ ကိုသာ စစ်ဆေးစီရင်ရမည် သို့မဟုတ် ခရိုင်တရားသူကြီးက ယေဘုယျ သို့မဟုတ် အထူးအမိန့်ဖြင့် လွှဲပြောင်းပေးသော အမှုများကိုသာ စစ်ဆေး စီရင်နိုင်သည်။ (ရာဇဝတ်ကျင့်ထုံး ဥပဒေ ပြင်ဆင်သည့် ဥပဒေ အမှတ် ၁၆ /၂၀၁၆)