ပုဒ်မ ၃၁၇
ပုဒ်မ ၃၁၇
စစ်ဘက်ဆိုင်ရာ ဂျူရီလူကြီးများ

(၁) ဆိုခဲ့သည့်အတိုင်း ဂျူရီလူကြီးများကို ဆင့်ခေါ်သည့်အပြင် ထပ်မံ၍ အဆိုပါ စက်ရှင်တရားရုံးက လိုအပ်သည်ဟု ထင်မြင်လျှင် တပ်ရင်းမှူးနှင့် ဆက်သွယ်ဆောင်ရွက် ပြီးနောက် အထက်တွင်ဆိုခဲ့သည့်အတိုင်း တရားလွှတ်တော်၌ ပြစ်မှုများဖြင့် စွဲဆိုခြင်းခံရသူများ စစ်ဆေးစီရင်သည့်အမှုအတွက် ဂျူရီလူကြီးများ ပြည့်မီရန် လိုအပ်သည်ဟု စက်ရှင်တရားရုံးက ထင်မြင်ယူဆသောအခါ လိုအပ်သည့်ဦးရေအတွက် မိမိရုံးထိုင်ရာနေရာမှ တစ်ဆယ်မိုင်အတွင်းရှိ မြန်မာ့တပ်မတော် ကြည်းတပ်နှင့် လေတပ်မှ ပြန်တမ်းဝင် တပ်မတော်အရာရှိနှင့် အကြပ်များကို ထပ်မံ၍ ဆင့်ခေါ်ရမည်။

(၂) ဆိုခဲ့သည့်အတိုင်း ဆင့်ခေါ်ခြင်းခံရသည့် အရာရှိအားလုံးသည်၍ ဥပဒေ တွင်မည်သို့ပင်ပါရှိစေကာမူ ဂျူရီလူကြီးများအဖြစ်ဆောင်ရွက်ရန် တာဝန်ရှိသည်။ သို့သော် တပ်ရင်းမှူးက အရေးကြီးသော အစိုးရတာဝန်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ကင်းလွတ်ခွင့်ပြုရန် လိုလားသည့်အခါ၊ သို့မဟုတ် အခြား အထူးအကြောင်းပြချက်ရှိခဲ့လျှင် ဆိုခဲ့သည့် အရာရှိကိုဆင့်ခေါ်ခြင်းမပြုရ။