ပုဒ်မ ၅၀
ပုဒ်မ ၅၀
ကော်မရှင်၏ လုပ်ပိုင်ခွင့်များ

ကော်မရှင်သည်-

(က) သဘာဝဘေးအန္တရာယ် တစ်ခုခုကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သော မဲဆန္ဒနယ်များတွင် ယင်း ဘေးအန္တရာယ်ကင်းရှင်းပြီးသည်အထိ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်။

(ခ) မဲဆန္ဒနယ်တစ်နယ်၌ ရွေးကောက်ပွဲ ကျင်းပရေးအတွက် မဲစာရင်းပြုစုရန် သော်လည်းကောင်း၊ ဆန္ဒမဲပေးရန်သော်လည်းကောင်း လုံခြုံမှုအခြေအနေမရှိလျှင် ယင်းမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်။

(ဂ) လွှတ်တော်မဲဆန္ဒနယ် တစ်နယ်တွင်ပါဝင်သော အချို့ဒေသများ၌ ရွေးကောက်ပွဲများကျင်းပရန် အခြေအနေရှိပြီး အချို့ဒေသများ၌ ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိလျှင် ရွေးကောက်ပွဲကျင်းပ ရန် အခြေအနေရှိသော ဒေသများ၌ ရွေးကောက်ပွဲကျင်းပရန်သော်လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပ ရန် အခြေအနေမရှိသော ဒေသများ၌ ရွေးကောက်ပွဲကျင်းပခြင်း မပြုရန်သော်လည်းကောင်း၊ မဲရုံများကို လုံခြုံမှု ရှိသောနေရာများသို့ ပြောင်းရွှေ့ကျင်းပရန်သော်လည်းကောင်း ဆုံးဖြတ်နိုင်သည်။ သို့ရာတွင် မဲစာရင်းအရ မဲဆန္ဒရှင်အားလုံး၏၅၁ ရာခိုင်နှုန်းက ဆန္ဒမဲပေးပြီးဖြစ်လျှင် ထမြောက်သော ရွေးကောက် ပွဲအဖြစ် သတ်မှတ်နိုင်သည်။ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ဟု ကော်မရှင်က ယူဆလျှင် ယင်းမဲဆန္ဒနယ်တစ်နယ်လုံး၏ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်။