(၁) နောက်တွင်ပြဋ္ဌာန်းပါရှိသည့် နည်းလမ်းအတိုင်း လွှဲအပ်တင်ပို့သည့် မည်သည့်ပြစ်မှုကိုမဆို တရားလွှတ်တော်က အရေးယူနိုင်သည်။ ဤပုဒ်မပါ မည်သည့်အချက်ကမျှ တည်ဆဲ ဥပဒေ တစ်စုံတစ်ရာပါ ပြဋ္ဌာန်းချက်များကိုဖြစ်စေ၊ ဤကျင့်ထုံးဥပဒေပါ အခြားပြဋ္ဌာန်း ချက် တစ်စုံတစ်ရာ ကိုဖြစ်စေ ထိခိုက်ခြင်းမရှိစေရ။
ပြည်ထောင်စုရှေ့နေချုပ်က သတင်းပေးပို့ခြင်း
(၂) (က) ဤကျင့်ထုံးဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ ရှေ့နေချုပ်က နိုင်ငံတော်သမ္မတ၏ အခွင့် အမိန့်ကို ကြိုတင်ရရှိပြီးလျှင် အင်္ဂလန်နိုင်ငံရှိ တရားလွှတ်တော်တွင် ဘုရင်၏ ရှေ့နေချုပ်က တရားလွှတ်တော် စီရင်ပိုင်ခွင့်အာဏာအောက်ရှိ သူတို့ အပေါ်တွင် သတင်း အချက်များကို တင်ပြခွင့်ရသကဲ့သို့ သတင်းအချက်များ တင်ပြခွင့်ရှိသည်။
(ခ) ဗြိတိသျှဘုရင်၏ ရှေ့နေချုပ်က တင်ပြသည့် အလားတူ သတင်းပေးချက်များကို ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်သကဲ့သို့ တရားလွှတ်တော်က မိမိ၏ ကျင့်ထုံး နှင့်ဆိုင်ရာ အကြောင်းခြင်းရာတို့က ခွင့်ပြုသမျှ ဆောင်ရွက်နိုင်သည်။
(ဂ) ဆိုခဲ့သည့် သတင်းပေးချက်တစ်စုံတစ်ရာအရ ပြန်လည်ရရှိသော သို့မဟုတ် ကောက်ခံ သောဒဏ်ငွေများ၊ ဒဏ်ကြေးများ၊ လျော်ဒဏ်၊ ကြွေးမြီများနှင့် ငွေကြေး များ အားလုံးကို နိုင်ငံတော်ပိုင် ဖြစ်စေရမည်။
(ဃ) တရားလွှတ်တော်က ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို အတည်ပြုလုပ်ရန် နည်းဥပဒေ များ ပြုနိုင်သည်။