ပုဒ်မ ၂၂ ၁ ပုဒ်မခွဲ ( ၇) ပါပြဋ္ဌာန်းချက်အရ ပြစ်ချက်ဟောင်းရှိခဲ့ကြောင်း စွဲချက်တင်သည့်အမှုတွင် တရားခံကစွဲချက်၌ စွပ်စွဲထားသည့်အတိုင်း မိမိတွင် ပြစ်ချက်ဟောင်း ရှိခဲ့သည်ဟု ဝန်မခံသည့်အခါ ရာဇဝတ်တရားသူကြီးသည် တရားခံအပေါ် ပုဒ်မ ၂၅၅ ပုဒ်မခွဲ ( ၂ ) အရဖြစ်စေ၊ ပုဒ်မ ၂၅၈ အရ ဖြစ်စေ ပြစ်မှုထင်ရှားပြီးနောက် စွပ်စွဲထားသော ပြစ်ချက်ဟောင်းနှင့်စပ်လျဉ်း၍ သက်သေခံချက်ရယူနိုင်သည်။ ထိုနောက် ရရှိသည့် သက်သေခံချက်ကို ရေးမှတ်ထားရမည်။