စွဲချက်တွင် ထည့်သွင်းဖော်ပြရန် လိုအပ်သည့်ပြစ်မှုကိုဖြစ်စေ၊ အကြောင်း အရာများကိုဖြစ်စေ မှားယွင်းဖော်ပြခြင်း၊ ထို့ပြင် ပြစ်မှုကိုဖြစ်စေ၊ ထိုအကြောင်းအရာများကို ဖြစ်စေ မထည့်မသွင်းချန်လှပ်ထားမိခြင်းတို့ကြောင့် စွပ်စွဲခံရသူ တရားခံမှာ အထင်အမြင် မလွှဲ မှားသည့်အပြင် တရားမျှတမှန်ကန်ရာသို့လည်း မရောက်ကြောင်း မပေါ်ပေါက်လျှင် အဆိုပါ မှားယွင်းမှု၊ သို့မဟုတ် မဖော်ပြဘဲချန်လှပ်ထားခြင်းတို့မှာ အမှုစစ်ဆေးစီရင်ဆဲမည်သည့် အဆင့် တွင်မဆို အရေးပါသည်ဟု မမှတ်ယူရ။
ဥပမာများ
(က) A အပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၄၂ အရ “ဒင်္ဂါးအတု လက်ဝယ် ရရှိစဉ်က ဒင်္ဂါးအတုမှန်းသိလျက်နှင့် လက်ရှိထားမှုဖြင့် စွဲချက်တင်ရာတွင် “လိမ်လည်လှည့်ဖြားခြင်း”́ ဆိုသောစကားကို မထည့်သွင်းဘဲ ချန်လှပ်ခဲ့ရာ ထိုသို့ချန်လှပ်ခဲ့ခြင်းကြောင့် A သည် အထင် အမြင်လွဲမှားမှုမဖြစ်လျှင် ထိုလွဲမှားမှုသည် အရေးပါသည်ဟု မမှတ်ယူရ။
( ခ ) B ကို လိမ်လည်မှုဖြင့် A အပေါ် စွဲချက်တင်စဉ်က စွဲချက်တွင် B ကို A က မည်ကဲ့သို့ လိမ်လည်ခဲ့ကြောင်းကို စွဲချက်တွင် မထည့်သွင်း၊ သို့မဟုတ် ထည့်သွင်းခဲ့သော် လည်း မှားယွင်းစွာ ဖော်ပြခဲ့သည်။ A က ကိုယ်တိုင် ခုခံဆုချေပြီး သက်သေများကို တင်ပြကာ ပြစ်မှုမည်သို့ ဖြစ်ပွားကြောင်းကို လျှောက်လဲခဲ့သည်။ ဤသို့ ပြုလုပ်ခဲ့သည့် အချက်အလက်များကို ထောက်ရှု၍ မည်ကဲ့သို့ လိမ်လည်ခဲ့ကြောင်းကို စွဲချက်၌မထည့်သွင်းဘဲ ချန်လှပ်ထားခဲ့ခြင်းမှာ အရေးမပါဟု တရားရုံးက ဧကာက်ယူနိုင်သည်။
( ဂ ) B ကို လိမ်လည်မှုဖြင့် A အပေါ် စွဲချက်ဘင်စဉ်က B ကို Aက မည်ကဲ့သို့ လိမ်လည်ခဲ့ကြောင်းကို စွဲချက်၌ ဖော်ပြထားခြင်းမရှိပေ။ A နှင့် B တို့သည် တစ်ဆက် တည်းသော ပြုလုပ်ချက် အမြောက်အမြားရှိကြပြီး ထိုသို့ပြုလုပ်ချက်များအနက် A အနေဖြင့် မည်သည့်ပြုလုပ်ချက်ကို ရည်ရွယ်၍ စွဲချက်တင်ခံရသည့် အကြောင်းကို သိနိုင်ခွင့်မရ၍ ခုခံထုချေခြင်း မပြုဘဲနေလျှင် ထိုအချက်အလက်များကိုထောက်ရှု၍ မည်သို့ လိမ်လည်ခဲ့ကြောင်းကို စွဲချက်၌ မထည့်သွင်းဘဲ ချန်လှပ်ထားခဲ့ခြင်းမှာ အမှုတွင် အရေးပါသော မှားယွင်းချက်ဖြစ်သည်ဟု တရားရုံး က ကောက်ယူနိုင်သည်။
(ဃ) A အပေါ် ခိုဒါဘတ်ကို ၁၈၈၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သတ်မှုဖြင့် စွဲချက်တင်ခဲ့သည်။ အမှန်အားဖြင့် အသတ်ခံရသူ၏အမည်မှာ ဟိုင်ဒါဘတ် ဖြစ်ပြီး သတ်သည့်နေ့မှာ ၁၈၈၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ဖြစ်သည်။ A မှာ ထိုလူသတ်မှုအပြင် အခြားမည်သည့် လူသတ်မှုနှင့်မျှ စွဲဆိုခြင်းမခံခဲ့ရသည့်အပြင် ရာဇဝတ်တရားသူကြီး၏ ရှေ့မှောက်၌ စုံစမ်းစစ်ဆေး ကြားနာရာတွင် ဟိုင်ဒါဘတ်ကို သတ်ခြင်းနှင့် သက်ဆိုင်သည့်အမှုကိုသာ စစ်ဆေး ကြားနာခဲ့သည်။ တရားရုံးအနေဖြင့် ထိုအချက်အလက်များကို ထောက်ရှု၍ A မှာ အထင်အမြင် မလွဲကြောင်းနှင့် စွဲချက်တွင် မှားယွင်းမှုမှာလည်း အရေးပါသည့်အချက် မဟုတ်ကြောင်း ကောက်ယူနိုင်သည်။
( င ) A သည် ၁၈၈၂ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်ခန့်တွင် ဟိုင်ဒါဘတ်ကို သတ်ပြီး “ထိုအမှုကြောင့် ၎င်းကိုဖမ်းဆီးရန် ကြိုးစားခဲ့သူ” ခိုဒါဘတ်အားလည်း ၁၈၈၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထပ်မံ၍သတ်သည်။ ဟိုင်ဒါဘတ်ကို သတ်မှုဖြင့် A အပေါ် စွဲဆို မျှ၌ ခိုဒါဘတ်ကို သတ်မှုဖြင့် A ကို စစ်ဆေး ကြားနာသည်။ A ဘက်မှ ရောက်ရှိနေကြသည့် တရားခံပြသက်သေများမှာ ဟိုင်ဒါဒါဘတ်အမှုမှ သက်သေများ ဖြစ်သည်။ ထိုအကြောင်းများကို ထောက်ချင့်၍ A မှာ အထင်အမြင် မှားယွင်းကြောင်းနှင့် ထိုမှားယွင်းချက်မှာ အရေးပါသည့် မှားယွင်းမှုဖြစ်သည်ဟု တရားရုံးက ကောက်ယူနိုင်သည်။