ပုဒ်မ ၅၆၄
ပုဒ်မ ၅၆၄
ပြစ်မှုကျူးလွန်သူ၏ နေထိုင်ရာ အရပ်နှင့် စပ်လျဉ်း၍ စည်းကမ်းချက်များ

(၁) ပြစ်မှုကျူးလွန်သူကို ပုဒ်မ ၅၆၂၊ ပုဒ်မခွဲ ( ၁)အရ လွှတ်ထားရန် တရားရုံးက ညွှန်ကြားခြင်းမပြုမီ ပြစ်မှုကျုးလွန်သူအနေဖြင့် သော်လည်းကောင်း၊ ၎င်း၏ အာမခံသူ (ရှိခဲ့လျှင်) အနေဖြင့်သော်လည်းကောင်း ယင်းတရားရုံးက စီရင်ပိုင်ခွင့်ရှိသည့် အရပ်၌ဖြစ်စေ၊ ခံဝန်စည်းကမ်း ချက်များကို လိုက်နာရန် သတ်မှတ်ထားသည့်ကာလအတွင်း ၎င်းပြစ်မှုကျုးလွန်သူ နေထိုင်ဟန် လက္ခဏာရှိသည့် အရပ်၌ဖြစ်စေ အမြဲနေထိုင်ရာနေရာရှိကြောင်း၊ သို့မဟုတ် အမြဲအလုပ် လုပ်ကြောင်း တရားရုံးက ကျေနပ် လက်ခံစေရမည်။