မည်သူမဆို ဤဥပဒေအရ ချုပ်ဆိုထားသည့် ခံဝန်ချုပ်နှင့်အညီ တရားရုံးတစ်ရုံးသို့ ရောက်ရှိ စေရန် တာဝန်ရှိလျက်နှင့် မရောက်ရှိဘဲနေခဲ့လျှင် အဆိုပါ တရားရုံး အကြီးအကဲအရာရှိသည် ထိုသူကို ဖမ်းဆီး၍ တရားရုံး ရှေ့မှောက်သို့ တင်ပို့စေရန် ဝရမ်းထုတ်ဆင့်နိုင်သည်။