ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်
(က) အောက်ပါစာချွန်တော်အမိန့်များကို ထုတ်ပိုင်ခွင့်အာဏာရှိသည်
(၁) ရှေ့တော်သွင်းစာချွန်တော်အမိန့်၊
(၂) အာဏာပေးစာချွန်တော်အမိန့်၊
(၃) တားမြစ်စေစာချွန်တော်အမိန့်၊
(၄) အာဏာပိုင်မေးစာချွန်တော်အမိန့်၊
(၅) အမှုခေါ်စာချွန်တော်အမိန့်။
(ခ) နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများပေါ်ပေါက်ကြောင်း ကြေညာသည့်ဒေသတွင် စာချွန် တော်အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထားချက်များကို ရပ်ဆိုင်းထားရမည်။