အလုံထောင်ချခြင်းပြစ်ဒဏ်ကို အတည်ပြုဆောင်ရွက်ရာတွင် အလုံထောင်ချခြင်းသည် မည်သည့် ကိစ္စရပ်၌မဆို တစ်ကြိမ်လျှင် ဆယ့်လေးရက်ထက် မပိုစေရ။ တစ်ကြိမ်နှင့်တစ်ကြိမ် ကြားကာလသည် ဆယ့်လေးရက်အောက် မလျော့နည်းစေရ။ ထို့ပြင် ချမှတ်သောထောင်ဒဏ်ကာလသည် သုံးလထက်ပို လျှင် အလုံထောင်ချသောကာလကို တစ်လလျှင်ခုနှစ်ရက်ထက်မပိုစေရ။ တစ်ကြိမ်နှင့် တစ်ကြိမ်ကြား ကာလကိုလည်း ခုနှစ်ရက်အောက် မလျော့နည်းစေရ။