စာချုပ်စာတမ်းတစ်ခုကို ဥပဒေအရ အသိသက်သေများက လက်မှတ်ရေးထိုးရန်လိုအပ်သည်ဖြစ် လျှင် ထိုသို့လက်မှတ်ရေးထိုးသည့် အသိသက်သေများအနက် တစ်ဦးသည် အသက်ထင်ရှားရှိသူဖြစ်ပြီး တရားရုံးကဆင့်ခေါ်ခြင်းကို လိုက်နာရမည့်သူလည်းဖြစ်၍ သက်သေခံချက်ပေးနိုင်စွမ်းရှိသူလည်းဖြစ် လျှင် ထိုစာချုပ်စာတမ်းတွင်လက်မှတ်ရေးထိုးသော အသိသက်သေအနည်းဆုံးတစ်ဦးကို အဆိုပါ စာချုပ်စာတမ်း ချုပ်ဆိုခဲ့ပြီးကြောင်း သက်သေထင်ရှားတင်ပြရန်အတွက်ခေါ်ယူစစ်ဆေးပြီးမှသာလျှင် ထိုစာချုပ်စာတမ်းကိုသက်သေခံချက်အဖြစ် အသုံးပြုနိုင်သည်။ထိုသို့အသိသက်သေကို ခေါ်ယူစစ်ဆေး ခြင်းမပြုသေးသမျှ ထိုစာချုပ်စာတမ်းကိုသက်သေခံချက်အဖြစ် အသုံးမပြုရ။
သို့ရာတွင်စာချုပ်စာတမ်းတစ်ခုကို မှတ်ပုံတင်ထားပြီးဖြစ်သည့်ပြင် ထိုချုပ်ဆိုသူကပင် ယင်းသို့ချုပ်ဆိုခဲ့ကြောင်းကို အတိအလင်း ငြင်းဆိုခြင်းမရှိပါက သက်သေထင်ရှား တင်ပြရန်အလို့ငှာ လက်မှတ်ရေးထိုး ခဲ့သူ အသိသက်သေတစ်ဦးကိုခေါ်ယူစစ်ဆေးရန်မလို၊ ဤကိစ္စတွင် သေတမ်းစာများအကျုံးမဝင်ချေ။