အကြောင်းခြင်းရာတစ်ခုကို မှန်သည်ဟု တရားရုံးက မှတ်ယူနိုင်ကြောင်းဤဥပဒေတွင်ပြဋ္ဌာန်းထား လျှင် ထိုအကြောင်းခြင်းရာမှာမထင်ရှားကြောင်း မတွေ့ရသမျှကာလပတ်လုံးတရားရုံးက ထိုအကြောင်း ခြင်းရာကို သက်သေထင်ရှားရှိဘိသကဲ့သို့ မှတ်ယူနိုင်သည် သို့မဟုတ် ထိုအကြောင်းခြင်းရာကို သက်သေ တင်ပြရန်ညွှန်ကြားနိုင်သည်။
အမှန်ကဲ့သို့မှတ်ယူရခြင်း။
အကြောင်းခြင်းရာတစ်ခုကိုမှန်သည်ဟု တရားရုံးက မှတ်ယူရမည်ဖြစ်ကြောင်းဤဥပဒေတွင် ပြဋ္ဌာန်း ထားလျှင် ထိုအကြောင်းခြင်းရာမှာ မထင်ရှားကြောင်း မတွေ့ရသမျှကာလပတ်လုံး တရားရုံးက ထိုအ ကြောင်းခြင်းရာကို သက်သေထင်ရှားရှိဘိသကဲ့သို့ မှတ်ယူရမည်။
အပြီးသတ်သက်သေခံချက်။
အကြောင်းခြင်းရာတစ်ခုသည် အခြား အကြောင်းခြင်းရာတစ်ခုအတွက်အပြီးသတ်သက်သေခံချက်ဖြစ် သည်ဟု ဤဥပဒေက ပြဋ္ဌာန်းထားလျှင်တရားရုံးသည် ပထမ အကြောင်းခြင်းရာသက်သေထင်ရှားရှိ သည့်အခါ၊ ဒုတိယအကြောင်းခြင်းရာ မထင်ရှားကြောင်းပြသရန်အတွက် သက်သေခံချက်တင်ပြခွင့်မပြု ရ။