(၁) ပုဒ်မ ၁၀၆ အရ အရ သို့မဟုတ် ပုဒ်မ ၁၁၈ အရ အာမခံတောင်းဆိုသည့် အမိန့် ချမှတ်ခြင်းခံရသူ မည်သူမဆိုသည် အဆိုပါ အမိန့်ချမှတ်သည့်အချိန်၌ ထောင်ဒဏ် ကျခံရလျှင်ဖြစ်စေ၊ ထောင်ဒဏ် ကျခံနေရလျှင် ဖြစ်စေ တောင်းဆိုသည့် အာမခံကာလအပိုင်းအခြားသည် အဆိုပါ ပြစ်ဒဏ် ကုန်ဆုံးသည့် နေ့ရက်က အစပြုရမည်။
(၂) အခြားအမှုများတွင် အဆိုပါကာလသည် ရာဇဝတ်တရားသူကြီးက လုံလောက်သည့် အကြောင်း တစ်ခုကြောင့် နောက်ပိုင်းကာလ နေ့ရက်တစ်ရက်ရက်ကို သတ်မှတ်ခြင်း မပြုပါက အဆိုပါ အမိန့်ချမှတ်သည့်နေ့ရက်တွင် အစပြုရမည်။