ပုဒ်မ ၁၆၇
ပုဒ်မ ၁၆၇
သက်သေခံချက်ကိုနည်းလမ်းမကျဘဲလက်ခံခြင်း သို့မဟုတ် နည်းလမ်းမကျဘဲပယ်ခြင်းကို အကြောင်း ပြု၍ အမှုကိုအသစ်တစ်ဖန် မစစ်ဆေး၊ မစီရင်စေရခြင်း

သက်သေခံချက်ကို နည်းလမ်းမကျဘဲလက်ခံခဲ့သည် သို့မဟုတ် နည်းလမ်းမကျဘဲ ပယ်ခဲ့သည်ဟူ ၍ကန့်ကွက်လျှင် ကြားနာသည့် တရားရုံးသည် နည်းလမ်းမကျဘဲလက်ခံကြောင်းကန့်ကွက်ထားသော် လည်းလက်ခံခဲ့သောသက်သေခံချက်မပါရှိဘဲနှင့်ပင် မူလအမှုတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်မှာလုံ လောက်သော သက်သေထင်ရှားရှိကြောင်း သို့မဟုတ် ပယ်ခဲ့သောသက်သေခံချက်ကိုလက်ခံခဲ့လျှင်လည်း အဆိုပါ ဆုံးဖြတ်ချက်ကိုတစ်နည်း တစ်ဖုံပြောင်းလဲစေမည်မဟုတ်ကြောင်း ထင်မြင်ပါက ဖော်ပြပါ အကြောင်းတစ်ခုခုကိုသာ အကြောင်းပြု၍ အဆိုပါအမှုကို အသစ်တစ်ဖန်စစ်ဆေးစီရင်စေခြင်း သို့မဟုတ် အဆိုပါ အမှုတွင်ချမှတ်ထားသော ဆုံးဖြတ်ချက်ကိုပယ်ဖျက်ခြင်းမပြုရ။