ပုဒ်မ ၁၅၄
ပုဒ်မ ၁၅၄
ရဲအရေးယူပိုင်ခွင့်ရှိသော အမှုများတွင် သတင်းပေးခြင်း

ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ်ကျူးလွန်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းပေးချက်တိုင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းမှူးတစ်ဦးထံ နှုတ်ဖြင့်ပေးခဲ့လျှင် ထိုအရာရှိကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ညွှန်ကြားချက်အရဖြစ်စေ စာဖြင့် ရေးမှတ်ရမည့်အပြင် သတင်းပေးသူအား ပြန်ဖတ်ပြရမည်။ ထို့ပြင် စာဖြင့် ရေးသားပေးသည်ဖြစ်စေ၊ အထက်တွင် ဆိုခဲ့သည့်အတိုင်း စာဖြင့်ရေးမှတ်ယူ ရသည်ဖြစ်စေ အဆိုပါ သတင်းပေးချက်တိုင်းတွင် သတင်းပေးသူက လက်မှတ်ရေးထိုးရမည်။ ထို့ပြင် ဤကိစ္စ အလို့ငှာ နိုင်ငံတော်သမ္မတက သတ်မှတ်ထားသည့် ပုံစံအတိုင်း အဆိုပါ ရဲအရာရှိက ထားရှိရမည့် စာအုပ်တွင် ထိုသတင်း၏ အကျဉ်းချုပ်ကို ထည့်သွင်းရေးမှတ်ထားရမည်။