မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို အငှားချထားသည့်ကိစ္စတွင် အိမ်ရှင် (သို့မဟုတ်) မြေရှင်သည် အငှားချထားခြင်းစတင်သည့်အချိန်က ထိုပစ္စည်းကိုပိုင်ဆိုင်ခွင့်မရှိကြောင်းဖြင့် မြေငှား (သို့မဟုတ်) အိမ်ငှားကဖြစ်စေ၊ ထိုပစ္စည်းကို အိမ်ငှား (သို့မဟုတ်) မြေငှားထံမှ ဆိုင်ရာဆိုင်ခွင့်ဆက်ခံသူကဖြစ်စေ၊ ထိုပစ္စည်းငှားရမ်းထားဆဲကာလအတွင်းငြင်းဆိုခွင့်မရှိစေရ။ ထို့ပြင် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း တစ်ခုခု လက်ရှိဖြစ်သူ တစ်ဦးတစ်ယောက်သောသူအား အခွင့်အမိန့်ပေးအပ်၍ ထိုပစ္စည်းတွင်ဝင်ရောက် နေထိုင်ခွင့် အမိန့်ပေးအပ်စဉ်ကထိုပစ္စည်းကိုလက်ရှိထားပိုင်ခွင့်မရှိကြောင်းဖြင့် အဆိုပါ အခွင့်အမိန့်အရ ထိုပစ္စည်းတွင်ဝင်ရောက်နေထိုင်သူက ငြင်းဆိုခွင့် မရှိစေရ။