ဤဥပဒေပါ အခြားပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ရာဇသတ်ကြီးအရ ပြစ်မှုများ အပါအဝင် မည်သည့် ပြစ်မှုကိုမဆို
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဖြစ်စေ၊
(ခ) တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ဖြစ်စေ၊
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးက ဖြစ်စေ၊ ခရိုင်တရားရုံးကဖြစ်စေ
(ဃ) ထိုပြစ်မှုမျိုးကိုစီရင်နိုင်ကြောင်း ဒုတိယဇယား စာတိုင် ၈ တွင်ဖော်ပြထားသည့် အခြားတရားရုံး တစ်ခုခုကဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။
(ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ အမှတ် ၁၆ /၂၀၁၆ )
ဥပမာ
A သည် လူသတ်မှုမမြောက်သည့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သင့်သော လူသေမှုဖြင့် စွဲချက် တင်၍ စက်ရှင်တရားရုံးသို့ တင်ပို့ရာတွင် ၎င်း A အား တရားသူကြီးတစ်ဦးဦး စစ်ဆေးစီရင်နိုင်သည့် ပြစ်မှုဖြစ်သော မိမိအလိုအလျောက် နာကျင်စေမှုနှင့် ပြစ်မှုထင်ရှား စီရင်ပိုင်ခွင့် ရှိသည်။
အခြားဥပဒေများအရ ပြစ်မှုများ
(၁) ဤဥပဒေပါ အခြားပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အခြားဥပဒေတစ်ရပ်ရပ်တွင် ပြစ်မှု တစ်စုံတစ်ရာကို စစ်ဆေးစီရင်ရန် တရားရုံးတစ်ခုခုကိုဖော်ပြထားလျှင် ထို ဖော်ပြ ထားသည့် တရားရုံးက စစ်ဆေးစီရင်ရမည်။
(၂) ဆိုခဲ့သည့်အတိုင်း တရားရုံးတစ်ခုခုကို ဖော်ပြမထားလျှင် ၎င်းပြစ်မှုကို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် ကဖြစ်စေ၊ အထက် ဖော်ပြချက် ကို အထောက်အထားပြု၍ ဤဥပဒေအရ ပြစ်မှုကိုစီရင်နိုင်ကြောင်း ဒုတိယဇယား စာတိုင် (၈) တွင် ဖော်ပြပါရှိသည့် တရားရုံးကဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။ (ရာဇဝတ် ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အမှတ် ၁၆ /၂၀၁၆)