ပုဒ်မ ၂၇
ပုဒ်မ ၂၇
မယား သို့မဟုတ် စာရေး သို့မဟုတ် အစေခံ လက်ရှိပစ္စည်း

၂၇။ ပစ္စည်းတစ်ခုသည် သူတစ်ဦး၏ မယား သို့မဟုတ် ထိုသူ၏ စာရေး သို့မဟုတ် ထိုသူ၏ အစေခံ လက်ဝယ်တွင် ထိုသူပိုင်ပစ္စည်းအဖြစ်ဖြင့် ရှိသည့်အခါ ဤရာဇသတ်ကြီး၏ အဓိပ္ပာယ်အလို့ငှာ ထိုပစ္စည်းသည် ထိုသူ၏ လက်ရှိဖြစ်သည်။


ရှင်းလင်းချက်။ စာရေးအဖြစ်ဖြင့်သော်လည်းကောင်း၊ အစေခံအဖြစ်ဖြင့်သော်လည်းကောင်း ယာယီ ဖြစ်စေ၊ သီးခြားကိစ္စတစ်ရပ်အတွက်ဖြစ်စေ စေခိုင်းခံရသူသည် ဤပုဒ်မ၏ အဓိပ္ပာယ်အလို့ငှာ စာရေး သို့မဟုတ် အစေခံဖြစ်သည်ဟု မှတ်ယူရမည်။



ကျင့်ထုံး