ပုဒ်မ ၁၂
ပုဒ်မ ၁၂
နောက်ထပ်အမှုစွဲဆိုခြင်းကို ပိတ်ပင်ခြင်း

တရားစွဲဆိုရန် အကြောင်း (cause of action) တစ်ရပ်နှင့် စပ်လျဉ်း၍ နောက်ထပ်အမှုစွဲဆိုခြင်း မပြုရန် နည်းဥပဒေများ (rules) အရ ပိတ်ပင်ထားသော တရားလိုသည် ဤဥပဒေနှင့် သက်ဆိုင်သည့် တရားရုံးတစ်ရုံးရုံးတွင် အဆိုပါ တရားစွဲဆိုရန် အကြောင်းနှင့် စပ်လျဉ်း၍ နောက်ထပ် အမှုစွဲဆိုခွင့် မရှိစေရ။