ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊
(ခ) လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းခြင်းနှင့် ကြီးကြပ်စေခြင်း၊
(ဂ) မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊
(ဃ) မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်ခြင်း၊
(င) သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရ သော်လည်း ကောင်း လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေး ကောက်ပွဲများကို ရွှေ့ဆိုင်းခြင်း၊
(စ) ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာ နည်းဥပဒေများကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက် စသည်များကို သက်ဆိုင်ရာဥပဒေများနှင့်အညီလည်းကောင်း ထုတ်ပြန်ခြင်း၊
(ဆ) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊
(ဇ) ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ခြင်း။