ပုဒ်မ ၁၁၈
ပုဒ်မ ၁၁၈
တရားစရိတ်များ သေချာစွာ မတွက်ချက်ရသေးမီ ဒီကရီကို အတည်ပြုခြင်း

တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သည် မိမိ၏တရားမမူလစီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးလျက် ဒီကရီတစ်ရပ် ချမှတ်ခဲ့သောအမှုတွင် ... ကုန်ကျခဲ့သော တရားစရိတ်ငွေ မည်ရွေ့မည်မျှ ပေးဆောင်ရမည်ကို အခွန် စည်းကြပ်သောနည်းလမ်းအရ စိစစ်တွက်ချက်ခြင်း မပြုရသေးမီ ယင်းဒီကရီကို အတည်ပြုရန် လိုအပ်သည်ဟု ယူဆသောအခါ တရားစရိတ်နှင့် စပ်လျဉ်းသမျှမှတပါး ဒီကရီကိုချက်ချင်းအတည်ပြုရန် အမိန့်ချမှတ်နိုင်သည်။

ထို့ပြင် အမှုတွင် တရားစရိတ် မည်မျှကုန်ကျခဲ့ရကြောင်း ငွေပမာဏကို အခွန်စည်းကြပ်သော နည်းလမ်းအရ စိစစ်တွက်ချက်သတ်မှတ်ပြီးလျှင်ပြီးချင်း တရားစရိတ်နှင့် စပ်လျဉ်း၍ ဒီကရီကို အတည်ပြုနိုင်သည်။