ပုဒ်မ ၄၁၅ အရ နိုင်ငံတော်သမ္မတ၏ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အတည်ပြုသည့်အပြင် အချိန်ကာလ ထပ်မံတိုးမြှင့်သတ်မှတ်လျှင် ထိုဥပဒေကဲ့သို့ အာဏာတည် သောအမိန့်သည် တိုးမြှင့်သတ်မှတ်သည့် အချိန်ကာလကုန်ဆုံးသည်အထိအာဏာတည်ရမည်။