ပုဒ်မ ၂၂၁
ပုဒ်မ ၂၂၁
စွဲချက်တွင် ပြစ်မှုကို ဖော်ပြ၍ ပါစေရခြင်း။

(၁) ဤဥပဒေအရ စွဲချက်တိုင်းတွင် တရားခံကို မည်သည့်ပြစ်မှုနှင့်စွဲဆိုကြောင်း ဖော်ပြပါရှိစေရမည်။

ပြစ်မှုအမည်ကို ခွဲခြားပြဆိုလျှင် လုံလောက်သည့် ဖော်ပြရာမြောက်ခြင်း။

(၂) ပြစ်မှုကိုပြဋ္ဌာန်းသည့်ဥပဒေတွင် ထိုပြစ်မှုကို အမည်တစ်စုံတစ်ရာ သီးခြား ခေါ်ဝေါ်လျှင် ၎င်းပြစ်မှုကို ၎င်းအမည်နှင့်သာ ဖော်ပြရမည်။

ပြစ်မှုကို အမည်တစ်စုံတစ်ရာဖြင့် ခွဲခြားထားခြင်း မရှိလျှင် မည်သို့ ပိုင်းခြားဖော်ပြရခြင်း။

(၃) ပြစ်မှုကိုပြဋ္ဌာန်းသည့်ဥပဒေတွင် ၎င်းပြစ်မှုကိုအမည်တစ်စုံတစ်ရာ သီးခြား ခေါ်ဝေါ်ခြင်းမရှိခဲ့လျှင် တရားခံအဖြစ်ဖြင့် ၎င်းအပေါ် မည်သည့်အချက်နှင့် စွဲဆိုထားကြောင်း သိသာနိုင်ရန် ထိုပြစ်မှု၏ သဘောအဓိပ္ပာယ်ပိုင်းခြားချက်ကိုသာ ဖော်ပြရမည်။

(၄) စွဲချက်တွင်ကျူးလွန်သည်ဆိုသော ပြစ်မှုမှာ မည်သည့်ဥပဒေနှင့် ထိုဥပဒေပါ မည်သည့်ပုဒ်မကို ကျုးလွန်ခဲ့ကြောင်း ဖော်ပြပါရှိစေရမည်။

စွဲချက်တွင် မည်သည့်ဘာသာဖြင့် ရေးသားရခြင်း။

( ၅) စွဲချက်တင်သည်ဆိုသည့် အခြင်းအရာသည် စွဲဆိုထားသည့်အမှု၌ စွဲဆို ထားသော ပြစ်မှုမြောက်အောင် ဥပဒေအရ လိုအပ်သည့်အချက် အရပ်ရပ်ပြည့်စုံသည်ဟု ဆိုရာရောက်သည်။

စွဲချက်ကို မည်သည့်ဘာသာဖြင့် ရေးသားရခြင်း

(၆) စွဲချက်ကို တရားရုံး၌ သုံးစွဲသည့် ဘာသာစကားနှင့် ရေးသားရမည်။

ယခင်ကပြစ်မှုထင်ရှား စီရင်ခြင်းခံရဖူးကြောင်းကို မည်သည့်အခါတွင် ဖော်ပြရခြင်း။

( ၇ ) အကယ်၍ တရားခံသည် ပြစ်မှုတစ်ရပ်ဖြင့် ယခင်က ပြစ်မှု ထင်ရှားစီရင် ခြင်းခံခဲ့ရဖူးပြီး ယင်းကဲ့သို့ ယခင်က ပြစ်မှုထင်ရှားစီရင်ခံခဲ့ရသောကြောင့် နောက်ထပ်ကျုးလွန်သည့် ပြစ်မှုအတွက် ပြစ်ဒဏ်တိုးပေးထိုက်သည့်အခါ၊ သို့မဟုတ် အခြားပြစ်ဒဏ်တစ်မျိုးမျိုးပေး ထိုက်သည့်အခါ ထို့ပြင် နောက်ထပ်ကျူးလွန်သည့်ပြစ်မှုအတွက် တရားရုံးက သင့်သည်ထင်မြင် သည့် ပြစ်ဒဏ်ကိုပေးရန် ယခင်က ပြစ်မှုထင်ရှားစီရင်ခဲ့ဖူးခြင်းကို ထင်ရှားအောင်လုပ်ရန် ရည်ရွယ်သည့်အခါ ယခင်က ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့်အကြောင်း ပြစ်မှုထင်ရှားစီရင်ခဲ့သည့် နေ့စွဲနှင့် နေရာတို့ကို စွဲချက်တွင် ဖော်ပြရမည်။ အဆိုပါ အချက်အလက်များကို မဖော်ပြမိလျှင် တရားရုံးသည် စီရင်ချက်မချမီ မည်သည့်အချိန်တွင်မဆို ဖြည့်စွက်ဖော်ပြနိုင်သည်။

ဥပမာများ

(က) B အား သတ်မှုဖြင့် A အပေါ် လူသတ်မှုအရစွဲချက်တင်ခဲ့သည်။ ထိုသို့ စွဲချက်တင်ခြင်းမှာ A ၏ ပြုလုပ်မှုသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၉ နှင့် ပုဒ်မ ၃၀၀ တို့တွင် အကျုံးဝင်သည့် လူသတ်မှုအနက် အဓိပ္ပာယ်ကောက်ယူချက်အတွင်း ပါဝင်လျက်ရှိသည်။ ထိုဥပဒေပါ ကင်းလွှတ်ရမြဲအချက်များ၌ မည်သည့် အချက်တွင်မျှပါဝင်ခြင်းမရှိကြောင်း၊ ထို့ပြင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၀ ၏ ခြွင်းချက်ငါးရပ်အနက် ခြွင်းချက်တစ်စုံတစ်ရာတွင် မပါဝင်ကြောင်း၊ သို့မဟုတ် ခြွင်းချက် ၁ ၌ အကျုံးဝင်လျှင်လည်း ထိုခြွင်းချက် ၁ ပါ ကန့်သတ်ချက်သုံးရပ် အနက် တစ်ရပ်ရပ်နှင့်မျှ မသက်ဆိုင်ကြောင်းဆိုရာရောက်သည်။

(ခ) ပစ်ခတ်ရန် ကိရိယာတစ်ခုခုဖြင့် B ကို အပြင်းအထန် နာကျင်စေရန် မိမိအလိုအလျောက်ပြမှုဖြင့် A အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ အရ စွဲချက်တင်ခဲ့သည်။ ထိုကဲ့သို့ စွဲချက်တင်ခြင်းမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၅ အရ ထိုအမှုနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းချက်မရှိကြောင်း၊ ထို့ပြင် ထိုအမှုမှာ ကင်းလွတ်ရ၌ အချက်များနှင့်လည်း မသက်ဆိုင်ကြောင်း ဆိုရာရောက်သည်။

(ဂ) A အပေါ် လူသတ်မှု၊ လိမ်လည်မှု၊ ခိုးမှု၊ ခြောက်လှန့် တာင်းယူမှု၊ မယားခိုးမှု၊ သို့မဟုတ် ပြစ်မှုမကင်းသောခြောက်လှန့်မှု၊ မမှန်သောတံဆိပ်သုံးစွဲမှုတစ်စုံတစ်ရာနှင့်စွပ်စွဲထားရာ၊ စွဲချက်တွင် ပြစ်မှုဆိုင်ရာဥပဒေပါ ထိုပြစ်မှုများအနက် သက်ဆိုင်ရာပြစ်မှု၏အနက် အဓိပ္ပာယ်ကို ရည်ညွှန်းခြင်းမပြုဘဲ၊ A သည် လူသတ်မှု၊ သို့မဟုတ် လိမ်လည်မှု၊ သို့မဟုတ် ခိုးမှု၊ သို့မဟုတ် ခြောက်လှန့်တောင်းယူမှု၊ သို့မဟုတ် မယားခိုးမှု၊ သို့မဟုတ် ပြစ်မှုမကင်းသော ခြောက်လှန့်မှု၊ သို့မဟုတ် မမှန်သော တံဆိပ်သုံးစွဲမှု တစ်စုံတစ်ရာကို ကျုးလွန်ကြောင်း စသည်ဖြင့် ဖော်ပြနိုင်သည်။ သို့သော် အမှအသီးသီးတွင် ၎င်းပြစ်မှုအတွက် ပြစ်ဒဏ်စီရင်ရန် ပြဋ္ဌာန်းထားသော ပုဒ်မများကို စွဲချက်၌ ရည်ညွှန်းဖော်ပြရမည်။

( ဃ ) ပြည်သူ့ ဝန်ထမ်းက ဥပဒေနှင့်အညီအခွင့်အာဏာဖြင့် ရောင်းရန် တင်ပြသော ပစ္စည်းကို မရောင်းရအောင် တမင် ပိတ်ပင်မှုဖြင့် A အပေါ် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၄ အရ စွဲချက်တင်ရာတွင် စွဲချက်၌ ထိုစကားအတိုင်းပါစေရမည်။