ပုဒ်မ ၃၆
ပုဒ်မ ၃၆
ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများ

ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများသည် သတ်မှတ်ချက်များနှင့်အညီ အောက်ပါလုပ်ငန်းတာ ဝန်များကို ဆောင်ရွက်ရမည်-

(က) သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုက ဥပဒေအကြံဉာဏ် တောင်းခံလာပါက ဥပ ဒေအကြံဉာဏ်ပေးခြင်း၊

(ခ) ပြစ်မှုဆိုင်ရာအမှုများကို တရားစွဲဆိုခြင်းမပြုမီ ဥပဒေနှင့်အညီဖြစ်စေရန် စိစစ်ခြင်းနှင့် ဥပဒေအကြံ ဉာဏ်ပေးခြင်း၊

(ဂ) ပြစ်မှုဆိုင်ရာအမှုများကို တရားရုံးများသို့ ဥပဒေနှင့်အညီ တရားစွဲဆိုတင်ပို့ခြင်း၊

(ဃ) ပြစ်မှုဆိုင်ရာအမှုများတွင် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ခြင်း၊

(င) နိုင်ငံတော်က တရားလို သို့မဟုတ် တရားပြိုင်အဖြစ် ပါဝင်သော တရားမမူလမှု၊ တရားမအယူခံမှု၊ တရားမပြင်ဆင်မှုနှင့် တရားမအထူးအယူခံမှုများနှင့်စပ်လျဉ်း၍ ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် နိုင်ငံ တော်ဘက်မှ လိုက်ပါဆောင်ရွက်ခြင်း၊

(စ) ဥပဒေရုံး၏ ဥပဒေအကြံဉာဏ်ပေးချက်နှင့်အညီ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းက လိုက်နာ ဆောင်ရွက်ခြင်းရှိ မရှိ စိစစ်တင်ပြခြင်း၊

(ဆ) တရားစွဲအဖွဲ့အစည်းက ချုပ်မိန့်တောင်းခံသည့်အခါ တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် ညီညွတ်မှုရှိ မရှိ စိစစ်ခြင်း၊

(ဇ) တရားစွဲအဖွဲ့အစည်းက သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆိုတင်ပို့ခြင်းမပြုမီ အမှုကို ခိုင်မာစွာ တည်ဆောက်နိုင်ရေးအတွက် စိစစ်ခြင်း၊

(ဈ) တရားရုံးတွင် တရားစွဲဆိုထားသော ပြစ်မှုဆိုင်ရာအမှုတွင် အမှုတစ်ရပ်လုံးကိုဖြစ်စေ၊ စွဲချက်တစ် ရပ်ရပ်ကိုဖြစ်စေ၊ တရားခံတစ်ဦးဦးကိုဖြစ်စေ ရုပ်သိမ်းရေးအတွက် ဆောင်ရွက်ရန် သင့် မသင့် သတ်မှတ် ချက်များနှင့်အညီ စိစစ်ခြင်းနှင့် ဆုံးဖြတ်ခြင်း၊

(ည) တရားစွဲဆို တင်ပို့ခြင်းမပြုနိုင်သော ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ် ချက်များနှင့်အညီ စိစစ်ခြင်းနှင့်ဆုံးဖြတ်ခြင်း၊

(ဋ) ပြစ်မှုဆိုင်ရာအမှုများတွင် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခြင်းမပြုမီ ပြစ်မှုကျုးလွန်ကြောင်း စွပ်စွဲခံရ သော တရားခံတစ်ဦးဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့်အညီ အစိုးရသက်သေပြုလုပ်၍ တရားစွဲဆို ခံရခြင်းမှ လွတ်ငြိမ်းခွင့်ပေးရန် ဆုံးဖြတ်ခြင်း၊
 

(ဌ) သေဒဏ်ထိုက်သင့်သော ပြစ်မှုဆိုင်ရာအမှုကို ကျူးလွန်ကြောင်းစွပ်စွဲခံရသော ဆင်းရဲနွမ်းပါးသည့် တရားခံအတွက် တရားရုံးတွင် လိုက်ပါဆောင်ရွက်ရန် ရှေ့နေငှားရမ်းပေးခြင်း၊

(ဍ) ဥပဒေအရာရှိလိုက်ပါဆောင်ရွက်သော ပြစ်မှုဆိုင်ရာ အမှုတွင် တရားလိုဘက်မှ ငှားရမ်းသည့် ရှေ့နေ အားသတ်မှတ်ချက်များနှင့်အညီကြီးကြပ်ခြင်း၊

(ဎ) တရားရုံး၏ စီရင်ချက်၊ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ နိုင်ငံတော်နှင့် သက်ဆိုင်သော အမှုများတွင် ပြင်ဆင်မှုတင်သွင်းရန် လိုအပ်ပါက သက်ဆိုင်ရာ တရားရုံးသို့ ပြင်ဆင်မှု တင်သွင်းခြင်း၊

(ဏ) တရားရုံးက ပြစ်မှုဆိုင်ရာအမှုတွင် အပြီးအပြတ်လွှတ်သည့် အမိန့်ကို အယူခံဝင်ရောက်သင့် သည်ဟု ယူဆပါက သတ်မှတ်ချက်များနှင့်အညီ တင်ပြခြင်း၊

(တ) ပြည်ထောင်စုရှေ့နေချုပ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်တို့က ပေးအပ်သော အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။