ပုဒ်မ ၄၂၀
ပုဒ်မ ၄၂၀
ထောင်တွင် အကျဉ်းခံနေရသည့်အယူခံတရားလိုက လိုက်နာရန် ကျင့်ထုံး

အယူခံတရားလိုသည် ထောင်တွင် အကျဉ်းခံနေရလျှင် ၎င်း၏အယူခံလွှာနှင့်အတူ ပူးတွဲပါရှိသည့် စာရွက်စာတမ်းမိတ္တူများကို ထောင်တာဝန်ခံအရာရှိထံ ပေးအပ်နိုင်သည်။ ၎င်း အရာရှိကလည်း အဆိုပါအယူခံလွှာနှင့် မိတ္တူများကို သက်ဆိုင်ရာ အယူခံတရားရုံးသို့ ပေးပိုရမည်။