နိုင်ငံတော်သမ္မတ၏ အခွင့်အမိန့်မရှိဘဲ ဤအခန်းအရ ဆောင်ရွက်ရာရောက်သော မည်သည့် လုပ်ဆောင်ချက် အတွက်မဆို မည်သူတစ်ဦးတစ်ယောက်ကိုမျှ တရားရုံး တစ်ရုံးတွင် တရားစွဲဆိုခွင့် မရှိစေရ။
ထို့ပြင် -
(က) ဤအခန်းအရ သဘောရိုးနှင့် ဆောင်ရွက်သည့် တရားသူကြီး သို့မဟုတ် ရဲအရာရှိ၊
(ခ) ပုဒ်မ ၁၃၁ အရ သဘောရိုးနှင့် ဆောင်ရွက်သည့်တပ်မတော်အရာရှိ၊
(ဂ) ပုဒ်မ ၁၂၈ အရဖြစ်စေ၊ ပုဒ်မ ၁၃ဝ အရဖြစ်စေ ဆိုခဲ့သည့်အမိန့်နှင့်အညီ သဘောရိုးနှင့် လုပ်ဆောင်ခဲ့သူ၊
(ဃ) လိုက်နာရန်တာဝန်ရှိသည့် အမိန့်တစ်စုံတစ်ရာကို လိုက်နာ၍ လုပ်ဆောင်ခဲ့သည့် လက်အောက် အရာရှိ သို့မဟုတ် တပ်မတော်သား သို့မဟုတ် စေတနာ့ဝန်ထမ်း တစ်ဦး တစ်ယောက် မည်သူ့ကိုမျှ ဆိုခဲ့သည့်အတိုင်း ဆောင်ရွက်သည့် ပြစ်မှုအတွက် ပြစ်မှုကျူးလွန်သည်ဟု မမှတ်ယူစေရ။