ပုဒ်မ ၁၂၅
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပခြင်း
(က) ပထမအကြိမ်ကျင်းပသော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော် သဘာပတိရှေ့မှောက်၌ ဇယား ၄ တွင် ဖော်ပြထားသည့် အတိုင်း ကတိသစ္စာပြုရမည်၊
(ခ) ကတိသစ္စာမပြုရသေးသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် စတင်တက်ရောက်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုရမည်။