ပုဒ်မ ၁၅၂
ပုဒ်မ ၁၅၂
စီရင်ချက်များ၊ ဒီကရီများ သို့မဟုတ် အမိန့်များကို ပြင်ဆင်ခြင်း

စီရင်ချက်များ (judgments)၊ ဒီကရီများ (decrees) သို့မဟုတ် အမိန့်များတွင် (orders) စာအရေးအသားဆိုင်ရာ မှားယွင်းမှုများကိုဖြစ်စေ (clerical mistakes)၊ ဂဏန်းသင်္ချာဆိုင်ရာ မှားယွင်းမှုများကိုဖြစ်စေ (arithmetical mistakes)၊ သို့မဟုတ် မတော်တဆ ချွတ်ချော်မှု (accidental slip) သို့မဟုတ် ပျက်ကွက်မှုတစ်ခုခုကြောင့် (omission) ဖြစ်ပေါ်လာသော အမှားအယွင်းများကို တရားရုံးသည် မိမိ၏ သဘောအတိုင်း အလိုအလျောက်ဖြစ်စေ (either of its own motion) သို့မဟုတ် အမှုသည်တစ်ဦးဦး၏ လျှောက်ထားချက်အရဖြစ်စေ မှန်ကန်အောင် အချိန်မရွေး ပြင်ဆင်နိုင်သည်။