ပုဒ်မ ၅၁၇ အရ အမိန့်တစ်ရပ်ကို ကိုယ်တိုင်ချမှတ်မည့်အစား ၎င်းပစ္စည်းကို ခရိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီးသို့ပေးအပ်ရန် တရားရုံးက ညွှန်ကြားနိုင်သည်။ ထိုကဲ့သို့သော အမှုများတွင် ပစ္စည်းကို ရဲကဖမ်းဆီး၍ ဖမ်းဆီးသည့် အကြောင်း အရာကို အောက်တွင်ဖော်ပြထားသည့် နည်းလမ်းအတိုင်း ၎င်းထံ အစီရင်ခံသကဲ့သို့ ၎င်းရာဇဝတ်တရားသူကြီးက ပြုလုပ်ရမည်။