ပုဒ်မ ၈၂
ပုဒ်မ ၈၂
ဒီကရီအတည်ပြုခြင်း

(၁) ဒီကရီသည် အစိုးရအပေါ်ဖြစ်စေ၊ အထက်၌ဆိုခဲ့သည့် ပြုလုပ်မှုအတွက် ပြည်သူ့ အရာထမ်းအပေါ်ဖြစ်စေ၊ ချမှတ်သည့်ဒီကရီ ဖြစ်လျှင် ဒီကရီကျေအေးပြေငြိမ်းစေရမည့် ကာလကို ဒီကရီတွင် သတ်မှတ်ဖော်ပြရမည်။ ထို့ပြင် ယင်းသို့ သတ်မှတ်သည့် အချိန်ကာလအတွင်း ဒီကရီ ကျေအေးပြေငြိမ်းခြင်း မရှိလျှင် တရားရုံးသည် ယင်းကိစ္စကို နိုင်ငံတော်သမ္မတထံ အမိန့်ချမှတ်ပေးရန် အစီရင်ခံရမည်။

(၂) ထိုသို့ အစီရင်ခံရသည့်နေ့မှ သုံးလအတွင်း ဒီကရီကျေအေးပြေငြိမ်းခြင်း မရှိမှသာ ယင်းသို့သော ဒီကရီတစ်ရပ်ရပ်ကို အတည်ပြုရမည်။