(၁) အဆိုပါတရားသူကြီး သို့မဟုတ် ခရိုင်ရဲဝန်သည်ဖမ်းဆီးခြင်းခံရသူမှာ ဝရမ်းထုတ်သည့် တရားရုံးမှ အလိုရှိသူဖြစ်ကြောင်း ပေါ်ပေါက်လျှင် ထိုတရားရုံးသို့ အချုပ်နှင့် ခေါ်ဆောင် သွားရန် ညွှန်ကြားရမည်။
သို့ရာတွင် အာမခံပေးရမည့် ပြစ်မှုဖြစ်ပြီး ဖမ်းဆီးခံရသူကလည်း အဆိုပါ တရားသူကြီး သို့မဟုတ် ခရိုင်ရဲဝန် ကျေနပ်လောက်အောင် အာမခံပေးရန် အသင့်ရှိလျှင် သို့မဟုတ် ပုဒ်မ၇၆အရ ဝရမ်းပေါ်တွင် ထပ်ဆင့်ညွှန်ကြားချက်တစ်ရပ် ရေးမှတ်ပြီး၍ ထိုညွှန်ကြား ချက်အရ အဆိုပါအဖမ်းခံရသူက လိုအပ်သော ခံဝန်ကိုပေးရန်အသင့်ရှိလျှင် ရာဇဝတ် တရားသူကြီး သို့မဟုတ် ခရိုင်ရဲဝန်သည် အဆိုပါ ခံဝန် သို့မဟုတ် အာမခံသက်ဆိုင်ရာရာ ရယူ၍ ခံဝန်ချုပ်ကို ဝရမ်း ထုတ်ပေးသည့် တရားရုံးသို့ ပေးပို့ရမည်။
(၂) ဤပုဒ်မပါ မည်သည့် အချက်ကမျှ ရဲအရာရှိတစ်ဦးအား ပုဒ်မ ၇၆ အရ အာမခံ တောင်းယူခြင်းမှ ပိတ်ပင်တားမြစ်သည်ဟု မှတ်ယူခြင်းမပြုရ။