ဖွဲ့စည်းပုံ အခြေခံဥပဒေအရဖြစ်စေ၊ အခြားဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ၊ တရားလွှတ်တော် ချုပ်အား အပ်နှင်းထားသည့် အခွင့်အာဏာ တစ်ရပ်ရပ်ကို ဤဥပဒေပါ ပြဌာန်းချက်များကြောင့် ထိခိုက်စေသည်ဟု မှတ်ယူခြင်း မပြုရ။
ထို့ပြင် ဤဥပဒေပါ ပြဌာန်းချက်များသည် ပြစ်မှုကြောင်း ဆိုင်ရာ သို့မဟုတ် ရေကြောင်းဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာနှင့် စပ်လျဉ်းသည့်ကိစ္စ တစ်ရပ်ရပ် နှင့်ဖြစ်စေ၊ ရေကြောင်းသုံ့ပန်းပစ္စည်း တရားရုံးများ (Prize Courts)၏အမိန့်များနှင့် ဒီကရီများကို အယူခံဝင်ခြင်း နှင့်ဖြစ်စေ သက်ဆိုင်ခြင်း မရှိစေရ။