ပုဒ်မ ၉၄
ပုဒ်မ ၉၄
နောက်ဆက်တွဲ မှုခင်းများ

တရားမျှတမှုပျက်ပြားခြင်း မရှိစေရန်အလို့ငှာ တရားရုံးသည် သတ်မှတ်ပြဌာန်းချက် ရှိခဲ့လျှင် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။

(က) တရားရုံးသို့ တရားပြိုင်လာရောက်ရေးအတွက် အာမခံကို အဘယ်ကြောင့် မတင်သွင်း သင့်ကြောင်း အကြောင်းပြထုချေစေရန် အလို့ငှာ ၎င်းတရားပြိုင်အား တရားရုံးသို့ တင်ပို့ရန် လူဖမ်း ဝရမ်းထုတ်ခြင်း၊ ထို့ပြင် အာမခံကိစ္စအတွက် ချမှတ်သည့် အမိန့်တစ်စုံတစ်ရာကို တရားပြိုင်က မလိုက်နာလျှင် ၎င်းကို တရားမအကျဉ်းထောင်သို့ ပို့ခြင်း၊

( ခ ) တရားပြိုင်ပိုင် ပစ္စည်းတစ်စုံတစ်ရာကို တရားရုံးသို့ တင်ပြရေးအတွက် အာမခံ တင်သွင်းစေရန်နှင့် ယင်းပစ္စည်းကို တရားရုံးက စီမံခန့်ခွဲခွင့်ရှိစေရန်အလို့ငှာ ဆောင်ရွက်ရန် ထိုတရားပြိုင်အား ညွှန်ကြားခြင်း သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာကို ဝရမ်းကပ်ရန် အမိန့်ချမှတ်ခြင်း၊

( ဂ )   ယာယီတားဝရမ်းထုတ်ပေးခြင်းနှင့် ယင်းအမိန့်ကို မလိုက်နာလျှင် ... ထိုသို့ မလိုက်နာသူ အား တရားမအကျဉ်းထောင်သို့ပို့ခြင်း၊ ထို့အပြင် ထိုသူပိုင်ပစ္စည်းကို ဝရမ်းကပ်ရောင်း ချရန် အမိန့် ချမှတ်ခြင်း၊

(ဃ)    ပစ္စည်းတစ်စုံတစ်ရာအတွက် ပစ္စည်းထိန်းခန့်အပ်ခြင်း၊ ထို့ပြင် ထိုသူ၏ ပစ္စည်းကို ဝရမ်းကပ် ရောင်းချခြင်းဖြင့် ၎င်း၏တာဝန်ဝတ္တရားများကို ထမ်းဆောင်စေခြင်း၊

( င )   တရားမျှတ၍ အကြောင်းညီညွတ်သည်ဟု တရားရုံးက ထင်မြင်ယူဆသော အခြား ကြားဖြတ်အမိန့်များကို ချမှတ်ခြင်း။