ပုဒ်မ ၃၈၆ ပုဒ်မခွဲ(၁) အပိုဒ်(က)အရ တရားရုံးတစ်ရုံးက ထုတ်ဆင့်သည့် ဝရမ်းကို ဆိုခဲ့သည့် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာနယ်မြေအတွင်း အတည်ပြုနိုင်သည်။ ထို့ပြင် ထိုစီရင်ပိုင်ခွင့်အာဏာနယ် မြေပြင်ပတွင် အဆိုပါပစ္စည်းကိုတွေ့ရှိလျှင်လည်း တွေ့ရှိရာအရပ်တွင် စီရင်ပိုင်ခွင့်ရှိသော ခရိုင်ရာဇဝတ်တရားသူကြီးက ထပ်ဆင့်ရေးသား၍ လက်မှတ်ရေးထိုးပါက ဆိုခဲ့သည့်ပစ္စည်းကို ဝရမ်းကပ်ရောင်းချပိုင်ခွင့် ရှိစေရမည်။