ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အထက်ပါ ပြဌာန်းချက်များအရ ပြုလုပ်သော နည်းဥပဒေများကို တည်ဆဲဥပဒေများနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ ဆွေးနွေးနိုင်ရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၇ နှင့် ၁၅၇ ပါ ပြဌာန်းချက်များအညီ ဆုံးဖြတ်နိုင်ရန် ထိုပြင် ပြည်ထောင်စုလွှတ်တော်က ချမှတ်သည့် ဆုံးဖြတ်ချက်အနှင့်အညီ ဆောင်ရွက်နိုင်ရန် အနီးကပ်ဆုံး ကျင်းပသော ပြည်သူ့ လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးကာလတွင် လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေတင်ပြရမည်။((ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် အစားထိုးပြင်ဆင်ထားသည်။)