ပုဒ်မ ၄၄၀
ပုဒ်မ ၄၄၀
အမှုသည်များကို တရားရုံးက ကြားနာလိုလျှင် ကြားနာနိုင်ခြင်း

တရားရုံး တစ်ရုံးရုံးက မိမိ၏ပြင်ဆင်မှု အာဏာများကို သုံးစွဲသည့်အခါ ယင်းတရားရုံးရှေ့တွင် မည်သည့်အမှုသည်ကမျှ ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေဖြင့် ဖြစ်စေ လျှောက်လွှဲ ပြောဆိုခွင့်မရှိစေရ။

သို့ရာတွင် အဆိုပါ တရားရုံးက သင့်သည်ထင်မြင်လျှင် ဆိုခဲ့သည့် အခွင့်အာဏာ များကို ကျင့်သုံးသည့်အခါ အမှုသည် တစ်ဦးဦးကို ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေဖြင့်ဖြစ်စေ ကြားနာနိုင်သည်။ ထို့ပြင် ဤပုဒ်မပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပုဒ်မ ၄၃၉ ပုဒ်မခွဲ(၂)ကို ထိခိုက်သည်ဟု မှတ်ယူခြင်းမပြုရ။