ပုဒ်မ ၂၆၈
ပုဒ်မ ၂၆၈
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၏ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်သည့်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်သည့်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထား ခြင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူခြင်းတို့နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးများအတွက် သတ်မှတ်ထားသည့် ပုဒ်မ ၂၆၂ (ဎ) နှင့် ၂၆၄ ပါ ပြဋ္ဌာန်းချက်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်နှင့်လည်း သက်ဆိုင် စေရမည်။