(က) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့ အစည်းများသည် ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းပါ ကိစ္စရပ်များအနက် မိမိတို့စီမံခန့်ခွဲသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသော ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းခွင့်ရှိသည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသန္တရစီမံကိန်း၊ နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းရမည်။