တရားခံက အပြစ်ရှိသည်ဟုဖြေကြားရန်ငြင်းဆိုလျှင်၊ သို့မဟုတ် မဖြေကြားလျှင်၊ သို့မဟုတ် စစ်ဆေးစီရင်ခံရန်တောင်းဆိုလျှင် တရားရုံးက (ဂျူရီနှင့် စစ်ဆေးထိုက်သည့်အမှုဖြစ် လျှင်)ဤမှနောက်တွင် ညွှန်ကြားထားသည့်အတိုင်း ဂျူရီလူကြီးများကို ရွေးချယ်ပြီး အမှုကို စစ်ဆေးစီရင်ရမည်။ သို့ရာတွင် အောက်တွင် ဖော်ပြပါရှိသည့်အတိုင်း သဘောမတူကြောင်း ငြင်းဆိုပိုင်ခွင့်ကို အထောက်အထားပြု၍ တရားရုံးကသင့်သည်ထင်မြင်သည့်အတိုင်း တရားခံဦးရေ မည်မျှကိုမဆို ဂျူရီလူကြီးတစ်ခုတည်းနှင့်ပင် ဆက်လက်စစ်ဆေးနိုင်သည်။