ပြဿနာမှာလူတစ်ယောက်အသက်ရှင်လျက်ရှိသည်ဟူ၍သော်လည်းကောင်း၊ သေဆုံးပြီဟူ၍သော်လည်းကောင်း ဖြစ်သည့်အခါ ထိုသူသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်းအသက်ရှင်လျက်ရှိကြောင်း တင်ပြချက်ရှိလျှင်ထိုသူသေဆုံးကြောင်း သက်သေထင်ရှားတင်ပြရန် တာဝန်သည် ထိုသူသေဆုံးပြီဟုအတည်ပြုပြောဆိုသူအပေါ်ကျရောက်သည်။