ပုဒ်မ ၁၉၉
ပုဒ်မ ၁၉၉
မယားခိုးမှု သို့မဟုတ် လင်ရှိမယားကို သွေးဆောင်မှုအတွက် တရားစွဲဆိုခြင်း

ရာဇသတ်ကြီးပုဒ်မ ၄၉၇ သို့မဟုတ် ၄၉၈ အရ ပြစ်ဒဏ်ထိုက်သော ပြစ်မှုတစ်ရပ်ကို သက်ဆိုင်ရာ အမျိုးသမီး၏ လင်ယောက်ျားက တိုင်တန်းချက်အရမဟုတ်လျှင် သို့မဟုတ် လင်ယောက်ျား မရှိခိုက် ပြစ်မှု ကျူးလွန်ချိန်တွင် အဆိုပါ အမျိုးသမီးကို ထိုလင်ယောက်ျားကိုယ်စား စောင့်ရှောက်သူ အခြားသူတစ်ဦးဦးက တရားရုံးတော် ခွင့်ပြုချက်ဖြင့် တိုင်တန်းချက်အရ မဟုတ်လျှင် မည်သည့် တရားရုံးကမျှ အရေးမယူရ။

သို့ရာတွင် အဆိုပါ လင်ယောက်ျားသည် အသက် တစ်ဆယ့်ရှစ်နှစ်အောက်ဖြစ်လျှင် သို့မဟုတ် ဝမ်းတွင်းရူး သို့မဟုတ် ရူးသွပ်သူဖြစ်လျှင် သို့မဟုတ် ဖျားနာခြင်းကြောင့်ဖြစ်စေ၊ မစွမ်းမသန်ခြင်းကြောင့်ဖြစ်စေ တိုင်တန်းချက် မပြုလုပ်နိုင်လျှင် အခြားသူတစ်ဦးက တရားရုံး၏ ခွင့်ပြု ချက်ဖြင့် ထိုသူ၏ကိုယ်စား တိုင်တန်းချက် ပြုလုပ်နိုင်သည်။