မည်သူမဆို မိမိကိုယ်တိုင်က သက်သေထင်ရှားပြရန် တာဝန်ရှိသော ဥပဒေနှင့်အညီ ခွင့်ပြုချက် မရှိဘဲ (* * *) ရွေးကောက်ပွဲအတွက် မဲပေးရာဖြစ်သော မဲရုံအတွင်း၌ မိမိ၏မဲကို ဥပဒေနှင့်အညီပေးရန် မှတစ်ပါး မဲလက်မှတ်တစ်ခု သို့မဟုတ် အများကို သို့မဟုတ် အရောင်တူအတုပြုထားသော မဲလက်မှတ် တစ်ခုကိုဖြစ်စေ၊ အများကိုဖြစ်စေ လက်ရှိထားလျှင် သို့မဟုတ် ဆက်လက်ထားရှိလျှင် သို့မဟုတ် အဆိုပါ မဲရုံအပြင်ဘက်၌ မဲလက်မှတ်တစ်ခု သို့မဟုတ် အများကို သို့မဟုတ် အရောင်တူအတုပြုထားသော မဲလက်မှတ်တစ်ခုကိုဖြစ်စေ၊ အများကိုဖြစ်စေ လက်ရှိထားလျှင် ထိုသူကိုနှစ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။