(က) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ကန့်ကွက်သော ကန့်ကွက်လွှာကို ယှဉ်ပြိုင်အရွေးခံသော မည်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းကမဆို သို့မဟုတ် ယင်းမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့သည့် မည်သည့်မဲဆန္ဒရှင်ကမဆို ပုဒ်မ ၅၃ အရကော်မရှင်က ဆုံးဖြတ်ပြီးသည့် ကိစ္စရပ်များမှအပ ယင်းရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆီလျော်သော အကြောင်းပြချက်များကိုဖော်ပြပြီး ကော်မရှင်သို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်းလျှောက်ထားနိုင်သည်။
(ခ) လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် မိမိ၏ ကန့်ကွက်လွှာတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ကန့်ကွက်ရာ၌ မိမိသာလျှင်မဲအများဆုံးရ၍ ရွေးကောက်တင်မြှောက်ခံရသူဖြစ်သည်ဟု ကြေညာစေရန် တောင်းဆိုလိုပါက အောက်ပါအကြောင်းပြချက်တစ်ရပ်ရပ်ကို အခြေခံရမည်-
(၁) လျှောက်ထားသူသာလျှင် ခိုင်လုံသော မဲအများဆုံးရသည်မှာ အမှန်ဖြစ်သည်ဟူသော အကြောင်းပြချက်၊
(၂) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူရရှိသော မဲများတွင်တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများမပါရှိခဲ့သော် လျှောက်ထားသူသည်သာ ခိုင်လုံသော မဲအများဆုံးကိုရရှိနိုင်သည်ဟူသော အကြောင်းပြချက်။