ပုဒ်မ ၇၁
ပုဒ်မ ၇၁
လက်မှတ်ရေးထိုးသောအသိသက်သေကမချုပ်ဆိုကြောင်းငြင်းဆိုသည့်အခါသက်သေထင်ရှားတင် ပြခြင်း

လက်မှတ်ရေးထိုးသော အသိသက်သေက ထိုစာချုပ်စာတမ်းကို ချုပ်ဆိုခဲ့ခြင်းမရှိဟုငြင်းဆိုလျှင် သို့မဟုတ် သတိမရလျှင် ထိုသို့ချုပ်ဆိုခဲ့ကြောင်း အခြားသက်သေခံချက်ဖြင့်သက်သေထင်ရှားတင်ပြ နိုင်သည်။