ပုဒ်မ ၃၀
ပုဒ်မ ၃၀
ငွေလုံးငွေရင်းစာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများ

ဗဟိုဘဏ်သည် စည်းမျဉ်းများထုတ်ပြန်၍ ငွေလုံးငွေရင်းစာရင်းပိုင်းဆိုင်ရာ လွှဲပြောင်း ပေးချေမှု များအပေါ် ကန့်သတ်ချက်များသတ်မှတ်နိုင်သည်။ ယင်းကန့်သတ်ချက်များသည် အောက်ပါ တို့နှင့် မသက်ဆိုင်စေရ-

(က) ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော ချေးငွေများအတွက် အရင်းပြန်လည်ပေးဆပ်မှု၊

(ခ) ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော နိုင်ငံခြားသို့ ကူညီထောက်ပံ့မှု၊

(ဂ) ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော နိုင်ငံခြားတွင်ရင်းနှီးမြှုပ်နှံမှု။